Showing posts with label နိုင်ငံရေး နှင့် အမျိုးသားရေး. Show all posts
Showing posts with label နိုင်ငံရေး နှင့် အမျိုးသားရေး. Show all posts

Monday, December 30, 2013

မျိုးစောင့်ကဗျာ (ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာေ တာ်)

မျိုးစောင့်ကဗျာ

(ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာေ တာ်) ♕ ♕ ♕ ♕

တို့မြေဌာနီ၊ ရှေးခါဆီဝယ် မထေရ်အပေါင်း၊ စံရာကျောင်းမှ ငြိမ့်ငြောင်းသာယာ၊ မိန့်အာဏာကို ရပ်ရွာလူများ၊ လွန်လေးစားခဲ့ ခုကားသို့နှယ်၊ မဟုတ်ကွယ်၍ နယ်ပယ်ပွားစီး၊ သားသမီးတို့ ဘုန်းကြီးကျောင်းတွင်၊ စာမသင်တော့။

ထို့ပြင်မြို့နေ၊ ကလေးတွေက ဒို့မေဘာသာ၊ ဒို့မေစာကို သင်ရာကောင်းမျှ၊ မထင်ကြပဲ ပြင်ကလာပေး၊ စာပထွေးကို အလေးဂရု၊ အရေးပြု၏ ယခုလိုသာ၊ နှစ်ပေါင်းကြာလျှင် မြန်မာပြည်ဖွား၊ တိုင်းရင်းသားတို့ ဘုရားကိုစွန့်၊ တရားစွန့်၍ စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း ထိုခါလူများ၊ ကိုယ်ကျင့်အားဖြင့် တရားမပါ၊ အမှားစာကြောင့် များစွာခုထက်၊ တိုး၍ပျက်လိမ့်။

သို့တွက်များပြား၊ ဘုန်းဘုရားတို့ တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍ မလင့်စေရ၊ ကိုယ့်ဒေသ၌ သိပ္ပဝိဇ္ဇာ၊ ပြသင့်ရာကို ကောင်းစွာပိုင်ပိုင်၊ ပြသနိုင်မှ ဘုန်းလှိုင်ဟောပြ၊ သြဝါဒကို စိတ်ကကြည်ဖြူ၊ လိုက်နာယူ၍ ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်းကောင်းလိမ့်  အကောင်းမကောင်း၊ အကြောင်းကြောင်းကို သောင်းပြောင်းကုန်စင်၊ အကုန်မြင်မည် မျိုးနှင့်သာသနာ တည်ကြောင်းတည်း။

♕ ♕ ♕ အရှင်ဇနကာဘိဝံသ (ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာေ တာ်)