Showing posts with label သုတအဖြာဖြာမှတ်စရာ. Show all posts
Showing posts with label သုတအဖြာဖြာမှတ်စရာ. Show all posts

Monday, December 16, 2013

"အကြီးအကျယ် မြေငလျင်လှုပ်ခြင်းများ"

"အကြီးအကျယ် မြေငလျင်လှုပ်ခြင်းများ" •••••••••••••••••••••••••••••••••• မြတ်စွာဘုရားသည်စာပါလစေတီ၌ (နေစဉ်) သတိရှိလျက်, ဆင်ခြင်လျက်, အသက်ရှည်ရန်ပြုပြင်မှု "အာယုသင်္ခါရ" ကို စွန့်လွှတ်တော်မူလိုက်သောအခါ ကြက်သီးမွေးညှင်းထလျက် ကြောက်မက်ဖွယ်ရာ အကြီးအကျယ် မြေ (ငလျှင်) လှုပ်ခြင်းသည် ဖြစ်လေ၏။ တော်လည်းသံ (နတ်စည်) တို့သည်လည်း တခြိမ့်ခြိမ့် မည်ဟည်းကုန်၏။


ထိုအခါ အရှင်အာနန္ဒာသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ "အံ့ဖွယ်ရှိပေစွ အရှင်ဘုရား။ မဖြစ်ဘူးမြဲ ဖြစ်ပေစွ အရှင်ဘုရား။ ကြက်သီးမွှေးညှင်းထစေလျက် ကြောက်မက်ဖွယ်ကောင်းသော ဤမြေငလျင်လှုပ်ခြင်းသည် ကြီးကျယ်ပါပေစွ။ အလွန်ကြီးကျယ်ပါပေစွ။ တော်လည်းသံ (နတ်စည်) တို့သည်လည်း တစ်ခြိမ့်ခြိမ့် မည်ဟည်းသွားကုန်၏။ အရှင်ဘုရား - အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်း"ဟု လျှောက်၏။


အာနန္ဒာ - အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ အကြောင်းအထောက်အပံ့ တို့ကား ဤရှစ်မျိုးတို့တည်း။ အဘယ်ရှစ်မျိုးတိ့ နည်း ဟူမူ -


(၁) အာနန္ဒာ - ဤမဟာပထ၀ီမြေကြီးသည် ရေ၌တည်၏။ ရေသည် လေ၌တည်၏။ လေသည် ကောင်းကင်၌တည်၏။ အာနန္ဒာ - ပြင်းထန်စွာလေတိုက်သောအခါ ရေကိုလှုပ်စေ၏။ ရေလှုပ်သော် မြေကိုလှုပ်စေ၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ ပထမ အကြောင်း အထောက်အပံ့တည်း။


•••


(၂) အာနန္ဒာ - နောက်တစ်မျိုးကား တန်ခိုးနှင့်ပြည့်စုံသော (အဘိညာဉ်) စိတ်၌ လေ့လာပြီးသော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော နတ်သည်လည်းကောင်း၊ အားနည်းသော မြေ (ကသိုဏ်းဈာန်) သညာနှင့် အားကြီးသော ရေ (ကသိုင်းဈာန်) သညာတို့ကို ပွားများပြီးလျှင် ဤမြေကြီးကို လှုပ်စေ၏။ တုန်လှုပ်စေ၏။ ပြင်းစွာ တုန်လှုပ်စေ၏။ သွက်သွက်ခါ တုန်လှုပ်စေ၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ ဒုတိယ အကြောင်း အထောက်အပံ့ပေတည်း။


•••


(၃) အာနန္ဒာ - နောက်တစ်မျိုးကား ဘုရားအလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ၌ ဤမြေကြီးသည် လှုပ်၏။ တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ သွက်သွက်ခါ တုန်လှုပ်၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ တတိယ အကြောင်း အထောက်အပံ့ပေတည်း။


•••


(၄) အာနန္ဒာ - နောက်တစ်မျိုးကား ဘုရားအလောင်းသည် သတိရှိလျက်, ဆင်ခြင်လျက်, အမိဝမ်းတိုက်မှ ဖွားမြင်သောအခါ ဤမြေကြီးသည် လှုပ်၏။ တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ သွက်သွက်ခါ တုန်လှုပ်၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ စတုတ္ထ အကြောင်း အထောက်အပံ့ပေတည်း။


•••


(၅) အာနန္ဒာ - နောက်တစ်မျိုးကား မြတ်စွာဘုရားသည်အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏။ တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ သွက်သွက်ခါ တုန်လှုပ်၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ ပဉ္စမ အကြောင်း အထောက်အပံ့ပေတည်း။


•••


(၆) အာနန္ဒာ - နောက်တစ်မျိုးကား မြတ်စွာဘုရားသည်အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားဦးကို ဟောတော်မူသောအခါ ဤမြေကြီးသည် လှုပ်၏။ တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ သွက်သွက်ခါ တုန်လှုပ်၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ ဆဋ္ဌမ အကြောင်း အထောက်အပံ့ပေတည်း။


•••


(၇) အာနန္ဒာ - နောက်တစ်မျိုးကား မြတ်စွာဘုရားသည်သတိရှိလျက်, ဆင်ခြင်လျက်, အသက်ရှည်ရန်ပြုပြင်မှု "အာယုသင်္ခါရ" ကို စွန့်လွှတ်တော်မူသောအခါ ဤမြေကြီးသည် လှုပ်၏။ တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ သွက်သွက်ခါ တုန်လှုပ်၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ သတ္တမ အကြောင်း အထောက်အပံ့ပေတည်း။


•••


(၈) အာနန္ဒာ - နောက်တစ်မျိုးကား မြတ်စွာဘုရားသည်ခန္ဓာနာမ်ရုပ် အကြွင်းမရှိသော ငြိမ်းခြင်းသဘော "အနုပါဒိသေသနိဗ္ဗာနဓာတ်" ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူသောအခါ ဤမြေကြီးသည် လှုပ်၏။ တုန်လှုပ်၏။ ပြင်းစွာ တုန်လှုပ်၏။ သွက်သွက်ခါ တုန်လှုပ်၏။


ဤကား အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ အဋ္ဌမ အကြောင်း အထောက်အပံ့ပေတည်း။


အာနန္ဒာ - အကြီးအကျယ် မြေငလျင်လှုပ်ခြင်း၏ အကြောင်းအထောက်အပံ့ တို့ကား ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။


( ဘူမိစာလသုတ် )


Facebook အကြောင်းသိကောင်းစရာ...

Facebook အကြောင်းသိကောင်းစရာ... ။။။။။။။။။။။။။။။ ။။။။။။။။။။။။။။။ ။။။။။။။။။။။။။။။ ။


၁။Facebook ကသင့်အကြောင်းဘယ်လောက် သိသလဲ သိချင်ပါသလား။Home Menu ထဲက Account Settings ကို ဝင်ပြီး Downloada copy of yourfacebook data ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Facebook ကသင့်အကြောင်းဘယ်လောက် သိသလဲ ဆိုတာကြည့်နိုင်မှာပါ။


၂။သင်ကတော့သင့်ရဲ့ သတင်းထူးတွေနဲ့ ကိုယ်ရေးကိုယ်တာတွေကို တစ်ကမ္ဘာလုံးကို ပြောချင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ Facebook ကတော့ သင်တင်သမျှ အကြောင်းအရာတွေကိုလူအများ ကြည့်နိုင်တဲ့Public အနေနဲ့ပဲ Settingမှာ ထားပေးမှာပါ။သင် များများတင်လေ၊ ပိုကြိုက်လေပေါ့ ။လူအတော်များများကPrivacy Setting ကို ပြောင်းမှာမဟုတ်ဘူးလို့ စဉ်းစားပြီးပေါ့ ။


၃။သင့်သူငယ်ချင်းေ တွ တင်သမျှအားလုံးက သင်မြင်ရမှာမဟုတ်သလိုသင်တင်သမျှ အရာတိုင်းကိုလည်းသင့်သူငယ်ချင်း လက်တစ်ဆုပ်ကသာမြင်ရလိမ့်မယ်။ Facebook က အသုံးပြုသူတွေကိုအွန်လိုင်းမှာကြာကြာ ရှိစေချင်တဲ့အတွက် Like အများကြီး ရထားတဲ့၊ အများဆုံးshare ထားတဲ့၊ comment အများကြီးရှိတဲ့ post တွေကို သင်အရင်မြင်ရအော င် အပေါ်ကို ရွှေ့ပေးထားပါတယ်။


၎။သင်Facebook ထဲကိုဝင်ထားတုန်းဆို ကျွန်တော်တို့က သင် ဘာလုပ်နေသလဲ လိုက်ကြည့်ထားတယ်။Facebook ရဲ့ Like ဒါမှမဟုတ် Share ခလုတ်ရှိတဲ့Website တွေကို သင်ဝင်ကြည့်တိုင်းFacebook က မှတ်တမ်းတင် သိမ်းဆည်းထားတယ်။


၅။သင်တင်တဲ့ post တွေကိုPublic က ကြည့်လို့ရအောင် လုပ်ထားရင် လူတိုင်းကသင် ဘယ်ရောက်နေသလဲ သိနိုင်ပါတယ်။မတော်တဆများ သင့်အိမ်ကိုဝင်ဖို့ချောင်းနေတဲ့ သူခိုးက သင်ခရီးသွားနေတာ သိသွားရင်တော့ …


၆။ဘွဲ့ရတာတို့၊ စေ့စပ်တာတို့၊ လက်ထပ်တာတို့၊ ကလေးမွေးတာတို့လိုသတင်းထူးတွေတင်ဦးမှာလား။ Facebook ကသိပါလိမ့်မယ်။သိရုံတင် မဟုတ်ဘဲ သင့်သူငယ်ချင်းတွေ အွန်လိုင်းတက်ပြီးFacebook ထဲကို ဝင်လာတဲ့အချိန်အထိ မြင်ရအောင် တင်ထားပေးပါလိမ့်မယ်။


၇။Facebook ကသင့်အကြောင်းများများသိလေ၊ သင့်အတွက်အကျိုးရှိလေပါပဲ ။ဥပမာ– သင်က Giordano တံဆိပ် ကြိုက်တယ်ဆိုရင် Facebookက Giordano မှာဈေးဝယ်လို့ရတဲ့ ကူပွန်ကို သင်မြင်ရအောင်ပြပေးတဲ့အခါ သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။


၈။သင်သတိတရရှိတဲ့ သူငယ်ချင်းတွေရဲ့ postတွေ သိပ်မတွေ့ဘဲ သိပ်မသိတဲ့သူတွေဆီက post တွေပဲ များနေသလား။သင်ရဲ့ newsfeed ကို Mostrecent ကနေTop News ကို ပြောင်းလိုက်ပါ။ ပြီးရင် သင်အမြဲ မြင်ချင်၊ တွေ့ချင်တဲ့ သူငယ်ချင်းတွေကိ Closefriends ထဲကိုထည့်ပြီး၊ သင်မမြင်ချင်တဲ့ သူတွေဆိုရင်တော့ subscibe လုပ်ထားတာ ဖြုတ်လိုက်ပါ။


၉။Facebook ကနေရာလပ်တွေကို ကြော်ငြာကုမ္ပဏီတွေကို ရောင်းပါတယ်။ ကြော်ငြာကုမ္ပဏီတွေက သူတို့ ပစ်မှတ်ထားတဲ့ ဒေသ၊ လုပ်ငန်း၊ အသက်အရွယ်နဲ့ ပညာ အဆင့်အတန်းတွေကိုFacebookကို ပြောပြတဲ့အခါ Facebook ကအချက်အလက်တွေနဲ့ ကိုက်ညီသူတွေ ကြော်ငြာတွေကို မြင်ရအောင် ဆောင်ရွက်ပေးပါတ ယ်။


၁၀။သင်တင်တဲ့ post ကိုသင့်သူငယ်ချင်း အားလုံး မြင်ရအောင် လုပ်ချင်ပါသလား။ Post တစ်ခုအတွက် ခုနစ် ဒေါ်လာကနေဆယ်ဒေါ်လာလောက်ထိ ပေးရင် သင့်သူငယ်ချင်းတိုင်းရဲ့ Top News မှာ သင်တင်ထားတဲ့post ပေါ်အောင်Facebook က လုပ်ပေးပါလိမ့်မ ယ်။


၁၁။အသုံးပြုသူ တော်တော်များများက Timeline ကို သဘောမကျကြပါဘူး။ ဒါပေမဲ့ ဒါကိုမကြာခင် ပြောင်းလဲမယ့် အလားအလာတော့လည်း မမြင်မိဘူး။ Timeline ကအသုံးပြုသူအချင်းချင်း ဝေမျှရာမှာ ထိရောက်ပြီးအမြင်ဆန်းပါတယ်။ ကုမ္ပဏီတွေကလဲ သူတို့ရဲ့ ကုန်ပစ္စည်းတွေကိုမြင်သာထင်သာ ကြော်ငြာလို့ရလို့သဘောကျကြတယ်လေ။


၁၂။သင်တင်တဲ့ post တွေကို သင့်မြို့က လူတွေပဲ၊ သင့်ကျောင်းက လူတွေပဲ၊ သင့်အလုပ်ကလူတွေပဲ စသဖြင့် လူတစ်စုပဲ မြင်အောင် လုပ်လို့ရပါတယ်။ သင်တင်တဲ့post ကို သင့်သူဌေးက လွဲပြီး ကျန်တဲ့သူအားလုံးမြင်အောင်လဲ လုပ်လို့ ရပါတယ်။ အဲဒါတွေ အကုန်လုံးကိုstatusupdate box ရဲ့ ညာဘက်အောက်ထောင့်မှာရှိတဲ့ မြားခလုတ်မှာ ပြောင်းလို့ ရပါတယ်။


၁၃။နောက်တတ်၊ ပြောင်တတ်တဲ့သင့်လုပ်ဖော်ကို င်ဖက်၊ ဒါမှမဟုတ် သူငယ်ချင်းရှေ့မှာတော့သင့် Facebook ကိုမဖွင့်ထားမိပါစေ နဲ့။ တစ်ယောက်ယောက်ကများသင့် Facebook ပေါ်မှာ ပြောင်ချော်ချော်status တွေလျှောက်ရေးလို့ကတော့ သင့်ကို ကြောင်နေပြီလားလို့ထင်သွားမှာပါပဲ။


၁၄။သူငယ်ချင်းလက်ခံတာနဲ့တခြား pageတွေကို like လုပ်တဲ့အခါ သတိထားပါ။သင်တွေ့သမျှသူတွေကို လက်ခံ၊ တွေ့သမျှ page ကိုlike လုပ်ထားရင်တော့ သင်စိတ်မဝင်စားတဲ့အရာတွေလဲ အများကြီးသင်တွေ့နေရမှာပါ ။အဲဒီတော့ အချိန်ယူပြီးမမြင်ချင်တာတွေကိုစစ်ထုတ်ပစ်ပါဦး ။


၁၅။Facebook Chat ထဲမှာOffline လုပ်ပြီး သင် စကားမပြောချင်တဲ့သူငယ်ချင်းတွေဆီကနေ ပုန်းနေလို့ရပါတ ယ်။ တကယ်လို့သူငယ်ချင်း တစ်ယောက်ယောက်နဲ့ပဲ စကားမပြောချင်ဘူး ဆိုရင်လည်းchat window ထဲကသူ့နာမည်ကိုနှိပ်၊ ညာဘက်ထိပ်မှာရှိတဲ့ iconမှာသူ့တစ်ယောက်ထဲကိုပဲ offline လုပ်ထားလို့ရပါတယ်။


၁၆။တချို့အချက်အလက်တွေကFacebook ပေါ်မှာ ဖွက်ထားလို့ မရပါဘူး။ ဥပမာ– သင့်နာမည်၊ သင့် profile မှာတင်ထားတဲ့ ဓာတ်ပုံ၊ သင်က အမျိုးသားလား၊ အမျိုးသမီးလားဆိုတာတွေပေါ့။ ဒီလို အချက်အလက်တွေကို လူတိုင်းက ကြည့်နိုင်ပါတယ်။


၁၇။သင် သဘောကျတဲ့ Facebook page တွေမှာ လူတွေ နည်းသွားတယ်လို့ ထင်မိလား။ အဲဒါprofile အတုတွေနဲ့ page အတုတွေကို Facebook က လိုက်ဖျက်သိမ်းနေလို့ပါ။တစ်ခါတလေမှာ လူတစ်ယောက်ထဲကပဲ accountတွေ အများကြီးနဲ့ သုံးနေတတ်တယ်လေ။ Facebookရဲ့ အဆိုအရကတော့ profile အတုတွေက ၈၃ မီလီယံတောင် ရှိတယ်တဲ့။


၁၈။သုံးရတာပိုမြန်ချင်တယ် ဆိုရင်တော့ဒီနည်းကို သုံးပါ။သင့်ဖုန်းနဲ့ Facebook ကို log inမလုပ်ခင် Wifi networkတစ်ခုခုနဲ့ချိတ်ဆက်လိုက်ပါ ။


၁၉။သင် ကုမ္ပဏီတစ်ခုခုကိုLike လုပ်တာပဲ ဖြစ်ဖြစ်၊ ကုန်ပစ္စည်းတစ်ခုအကြောင်းကို comment ပေးတာပဲဖြစ်ဖြစ် သတိထားပါ။သင်ဘာလုပ်လိုက်သ လဲ ဆိုတာသင့်သူငယ်ချင်းေ တွဆီမှာပေါ်ပါတယ်။ သင့်လုပ်ရပ်ကိုFacebook ကကြော်ငြာအနေနဲ့ အသုံးချကောင်းချပါလိမ့်မယ်။


Ref & Credit to Smart Pro Journal ==============================


Sunday, December 15, 2013

ကြောက်လန့်ဖွယ်ရာဒု-သ-န-သောအကြောင်း

အပြောများကြသော်လည်း သေချာမသိကြသော ကြောက်လန့်ဖွယ်ရာဒု-သ-န-သောအကြောင်း


အရပ်စကားတစ်ခုရှိပါတယ်။ကာမပိုင်ယောင်္ကျားရှိတဲ့ အမျိုးသမီးကို ကိုယ်ထိကာယလွန်ကျူးမိလျှင် ဒု-သ-န-သော ထိုက်လိမ့်မယ်ဆိုတဲ့စကားရပ်လေးတစ်ခုပါ။ထိုဒု-သ-န-သောဆိုတဲ့ စကားလုံးလေးခုဖြ စ်ပေါ်လာပုံဟာ ဒီလိုပါ။တကယ်တော့(ဒု၊သ၊န၊သော)ဆိုတဲ့စကားလုံးလေးခုဟာသူဌေးသားလေးဦးရဲ့လူဘဝရနေခိုက် ငွေကြေးချမ်းသာမှုအရှိန်အဝါကို မကောင်းတဲ့အကုသိုလ်နေရာမှာအသုံးချပြီး သေလွန်တဲ့အခါလောဟကုမ္ဘီငရဲကျေ ရာက်ပြီး ဆင်းရဲဒုက္ခမျိုးစုံခံစားရင်း ပင်ပန်းကြီးစွာ အော်ဟစ်မြည်တမ်းလိုက်တဲ့အသံများဖြစ်ပါတယ်။ဒီ ဒု-သ-န-သောဖြစ်ပေါ်လာပုံအတိ တ်အကြောင်းကို ပြန်ကြည့်ရင် အင်မတန်မှ ကြောက်စရာကောင်း ၊ အင်မတန်မှ ထိတ်လန့်ဖွယ်ရြာ ဖစ်ပြီး သံဝေဂယူစရာဖြစ်ပါတယ်။ဒီအကြောင်းကို ကောသလမင်းကြီးအားအကြောင်းပြုပြီး မြတ်စွာဘုရားရှင်ကဟောကြားတော်မူခြ င်းဖြစ်ပါတယ်။


သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းသ ည် တစ်ခုသောပွဲသဘင်နေ့၌ ပုဏ္ဍရိကအမည်ရှိတဲ ဆင်ဖြူတော်ကိုစီးပြီးနေပြည်တော်ကို လှည့်လည်ပါတယ်။အဲဒီအခါမှာအိမ်တစ်အိမ်၏ ပြတင်းပေါက်မှနေ၍မိမိအားလှမ်းမျှော်ကြည့်ရှုနေသောမိန်းမတစ်ယောက်ကို မြင်လျှင် အလွန်တက်မက်တဲ့ စိတ်ဖြစ်လာတဲ့အတွက် မြို့တော်ကိုဆက်လက်လှည့်လည်ခြင်းမပြုနိုင်တော့ဘဲ နန်းတော်သို့ပြန်လာခဲ့ရပါတယ် ။


နန်းတော်သို့ရောက်တဲ့အခါယုံကြည်စိတ်ချရတ မင်းလုလင် တစ်ယောက်ကိုခေါ်၍ ထိုမိန်းမသည် ကာမပိုင်လင်ရှိသူဖြစ်သလော၊မရှိသူဖြစ်သလောဟူသောအကြောင်းကိုစုံစ မ်းရန် စေလွှတ်လိုက်ပါတယ်။မင်းလုလင်၏ စုံစမ်းချက်အရ ကာမပိုင်လင်ရှိသူဖြစ်ကြောင်း သိရှိရလျှင်ထိုမိန်းမ၏ ယောင်္ကျားကိုခေါ်စေပြီးမိမိအနီး၌အမြဲခစားရန် မင်းလုလင်အဖြစ်တာဝန်ပေးခဲ့ပါတယ်။


ဒါပေမယ့်မင်းလုလင်ဟာမင်းမှူထမ်းလုပ်ရမှာကို စိတ်မပါသော်လည်း ဘုရင်ရဲ့အမိန့်ကို မငြင်းပယ်ဝံ့တာေ ကြာင့်တထိတ်ထိတ် တလန့်လန့်နဲ့ နန်းတော်တွင်း၌ခစားနေရတာပါ။ကော သလမင်းကြီး၏ အကြံကိုလည်းတစ်စွန်းတစ်စ ရိပ်မိနေတာကြောင့်တာဝန်ဝတ္တရား ပျက်ကွက်ခြင်း မရှိစေရန်အထူးဂရုစိုက်ပြီးဆောင်ရွတ်ပေးပါတ ယ်။


ကောသလမင်းကြီးသည်တစ်လနှစ်လခန့်ကြာသည့် တိုင်အောင် ထိုမင်းလုလင်အပေါ်၌အပြစ်ရှာလို့မရတဲ့နောက်ဆုံးထိုမင်းလုလင်ကို ခေါ်ကာ နေပြည်တော်ကနေတစ်ယူဇနာလောက်ဝေးတဲ့ ရေအိုင်သို့သွားစေ၍အရုဏဝတီမည်တဲ့မြေနီမှုန့်နှင် ကုမုဒြာကြာပန်းတို့ကို ယူဆောင်ရန်စေခို င်းလိုက်ပါတယ်။ညနေမိမိ ရေးချိုးရန်အမီ ပြန်ရောက်မလာပါက အပြစ်ဒဏ်ပေးမည်ဟူ၍လည်းမိန့်ကြားလိုက်ပါတယ်။


ထိုမင်းလုလင်လည်းဘုရင်၏ အမိန့်ကို ကြားတဲ့အခါ အလွန်ထိတ်လန့်တဲ့အတွက် အိမ်ကိုချက်ချင်းပြန်ပြီး ထမင်းထုပ်ကိုယူကာအပူတပြင်းထွက်ခွာသွားပါတယ်။ရေအိုင်သို့ရောက်လျှင် ခဏတာ အနားယူပြီးအရုဏဝတီမြေမှုန့် နှင့် ကုမုဒြာကြာပန်းတို့ကို ယူဆောင်ကာနေပြည်တော်သိြု့ ပန်ခဲ့ပါတယ်။မြို့တံခါးဝရောက်တော့ နေမဝင်သေးသော်လည်းတံခါးပိတ်ထားပြီး ဖြစ်သည်ကိုတွေ့တော့ မင်းကြီး၏ အထူးတမန်တော်ဖြစ်၍တံခါးဖွင့်ပေးရန်တောင်းဆိုသော်လည်း မင်းကြီးကမည်သူမျှ ဖွင့်မပေးရန် အမိန့်ထုတ်ထာြးေ ကာင်း တံခါးမှူးက ပြန်ပြောပါတယ်။


ထိုမင်းလုလင်ဟာမိမိအချိန်မီ ပြန်၍ရောက်လာကြောင်းကို တံခါးမှူးကိုသက်သေထား၍မြေမှုန့်နှင့်ြ ကာပန်းတို့ကို ထားခဲ့ပြီးမြို့ပြင်ရှိကျောင်းတစ်ကျောင်းမှာသွားအိပ်ပါတယ်။မင်းပြစ်မင်းဒဏ်သင့်၍ချစ်လှစွာသောဇနီးနှင့်ကွဲကွာရတော့မည်အဖြစ်ကိုလည်းတွေးပြီးပူပန်နေတာကြောင့် ကောင်းစွာမအိပ်နိုင်ပဲဖြစ်နေပါ တယ်။ကောသမင်းကြီးကတော့ နောက်တစ်နေ့မှာမင်းလုလင်ကိုသတ် ပြီး သူမိန်းမကို အပိုင်သိမ်းယူရမ ယ့်အဖြစ်ကိုတွေးပြီး အိပ်မပျော်ပဲဖြစ်နေပြန်ပါတယ်။


ညသန်းခေါင်းချိန်ရောက်တော့ နန်းတော်၏ အပြင်မှ ဒု၊သ၊န၊သောဟူသောအသံကြီးလေးခုကို ထူးဆန်းစွာပေါ်ထွက်လာတာကိုကြားရတော့ ထိတ်လန့်တုန်လှုပ်သွားပါတယ်။အဲဒီတစ်ညလုံးလည်း အိပ်မပျော်နိုင်ရှာတော့ပဲ နံနက်မိုးလင်းလျ င် လင်းချင်း ပုရောဟိတ်ပုဏ္ဏားကိုခေါ်၍အကြောင်းစုံကိုေ ပြာပြပါတယ်။ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီးကြားလိုက်တဲ့အသံတို့ကို ကောင်းစွာ အနက်အဓိပ္ပါယ်ကို ဖော်နိုင်စွမ်းမ ရှိပါဘူး။ဒါပေမယ့်အထင်သေးမည်ဆို တာကြောင့် ရမ်းသမ်းပြီး အဓိပ္ပါယ်ပြန်လို က်ပါတယ်။ဘယ်လိုပြန်လိုက်သလဲလို့ ဆိုတော့ အရှင်မင်းကြီးကြားလိုက်တဲ့အသံက အရမ်းကိုကြောက်စရာကောင်းလှကြောင်း၊ အသက်အန္တရာယ်ပင်ထိခိုက်နိုင်ကြောင်းဖြစ်ပါတယ် လို့ လျှောက်ထားပါတယ်။အဲဒီတော့မင်းကြီးလည်း အလွန်ကြောက်လန့်တာကြောင့် အဲဒီအန္တရာယ်ကို တားဆီးနိုင်မည့် ယတြာကိုအမြန်စီစဉ်ခိုင်းပါတယ်။


ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီး၏ အမိန့်ဖြင့် သတ္တဝါတို့ကိုသတ်၍(သဗ္ဗသတ)မည်သောယဇ်ပူဇော်မှုကိုပြုလုပ်ရန် ဆင်၊မြင်း၊ကျွဲ၊နွား၊အစရှိသော တိရိစ္ဆာန်အမျိုးမျိုးနှင့် သတို့သား သတို့သမီးများကု တစ်မျိုးလျှင် တစ်ရာစီရရှိအောင် ဖမ်းဆီးစေပါတယ်။ သားသမီး ဆွေမျိုးများဖမ်းဆီးခြင်းခံရသော မြို့သူမြို့သားများလည်း ဟစ်အော်ငိုကြွေးကြ၊ တစ်ချို့လည်းတောထဲသို့ပြေးပုန်းကြနဲ့သာဝတ္ထိမြို့ကြီး မှာကမ္ဘာပျက်သည့်အလားဖြစ်နေပါတော့တယ်။


ထိုအဖြစ်ပျက်တွေကို မလ္လိကာမိဖုရားကြီးကြားတော့ ကောသလမင်းကြီးကို ပုဏ္ဏားရဲ့ စကားကိုမယုံကြည် သင့်ကြောင်း၊မြတ်စွာဘုရားရှင်ကိုသာ အကြောင်းအကျိုးသိအောင်လျှောက်ထားမေးမြန်းသင့်ြေ ကာင်း လျှောက်ထားပါတယ်။ ကောသလမင်းကြီးလည်း မလ္လိကာမိဖုရားကြီးကိုခေါ်ကာမြတ်စွာဘုရားသီတင်းသုံးတော်မူတဲ ဇေတဝန်ကျောင်းသို့သွားပြီး အကြောင်းစုံကြို မတ်စွာဘုရားအားလျှောက်ထားပါတယ်။ဒီအခါမှာ မြတ်စွာဘုရားရှင်ကဒကာတော်မင်းကြီး မကြောက်ပါလင့်၊ဘာအန္တရာယ်မှမရှိပါဟုမိန့်ကြားပြီး ဒု၊သ၊န၊သောဟူသောအသံကြီးလေးခုအကြောင်းကို အနက်အဓိပ္ပါယ်ပေါ်လွင်အောင်ဟောတော်မူပါတယ်။


ထို ဒု၊သ၊န၊သောဟူသောအသံကြီးလေးခုမှာ လောဟကုမ္ဘီငရဲ၌ကျခံနေရတဲ့ငရဲသားလေးဦးတို့ က အသီးသီးအော်ဟစ်လိုက်သည့်အသံများဖြစ်ကြောင်း၊ ထိုငရဲသားလေးဦးမှာရှေးဘဝကသူဌေးများဖြစ်ကြ ကြောင်း၊မိမိတို့ပိုင်ဆိုင်တဲ့ ငွေများကို အကျိုးရှိအောင်အသုံးမချဘဲ ကာမပိုင်ယောင်္ကျားရှိတဲ့မိန်းမ၊ကာမပိုင်ယောင်္ကျားမရှိတဲ့မိန်းမ စတဲ့ မိန်းမများကိုငွေဖြင့်ဖြားယောင်းပြီးသောက်စားမူးရစ် ပြီး မှားယွင်းစွာဖောက်ပြန်ခဲ့ကြေ ကြာင်း၊ထိုမကောင်းမှုများကြောင့်သေလွန်သည့်အခါ လောဟကုမ္ဘီငရဲသို့ ကျရောက်ပြီးဆင်းရဲဒုက္ခများခံစားရ၍နောင်တ ..တရားရရှိကြောင်းထုတ်ဖော်ပြော ကားတဲ့စကားသာဖြစ်ကြောင်း၊သူတို့ပြောလိုတဲ့ စကားကို အပြည့်အဝဆုံးအောင်မပြောနိုင်ရှာပဲ အစ တစ်လုံးစီသာပြောဆိုနိုင်ပြီး အောက်သို့ပြန်ပြီးနစ်မြုပ်သွားကြကြောင်း၊


ငရဲသားလေးဦးတို့ အနက်ပထမဆုံးတစ်ဦးမှာ "ဒုဇ္ဇီဝိတ မဇီဝိမှ" သူဌေးသားဘဝက မကောင်းသော အသက်မွေးမှုပြုခဲ့မိခြင်းကို ပြန်လည်ပြောဆိုလိုသော်လည်း ရှေ့ဆုံး(ဒု)ဆိုတဲ့စကားတစ်လုံးကိုသာပြောနိုင်ပြီးအောက်သို့ပြန်လည်နစ်မြုပ်သွာြးေ ကာင်း၊ဒုတိယငရဲသားက"သဋ္ဌိဝဿသဟဿနိ" နှစ်ပေါင်းခြောက်သောင်းတိုင်အောင် ငရဲ၌ကျခံရပုံကို ညည်းညူပြောဆိုခြင်းသာဖြစ်ကြောင်းထိုသို့ပြောဆိုေ သ်ာလည်းစကားဆုံးအောင်မေ ပြာနိုင်ပဲ(သ)တစ်လုံးထဲသာပြောဆိုပြီး အောက်သို့နစ်မြုပ်သွားကြောင်း၊ တတိယ ငရဲသားက "နတ္ထအန္တောကုတောအန္တော" ငရဲဒုက္ခ၏ အဆုံးအဆ မထင်ပုံကိုညည်းညူလိုသော်လည်း(န)တစ်လုံးသာညည်းညူ နိုင်ခြင်းသာဖြစ်ကြောင်း၊ စတုတ္ထငရဲသားအနေန ကျွန်န်ုပ်သည် နောင်ဘဝတွင် ကောင်းသော အလုပ်ကိုသာအားထုတ်မည်ဟူသောအဓိပ္ပါယ်ဖြင့် သောဟံနူန ဣတောဂန္တွာစသောဂါထာကို ရွတ်ဆိုလျက်(သော)ဟူသောအစ တစ်လုံးသာပြောဆိုနိုင်ပြီး အဆုံသတ်သွားကြောင်းဟောတော်မူပါတယ်။


မြတ်စွာဘုရားရဲ့ (ဒု၊သ၊န၊သော) ဟူသော အဓိပ္ပါယ်ကိုနားကြားပြီးတဲ့အခါမှာတော့ ကောသလမင်းကြီး အင်မတန်ကြောက်လန့်တုန်လှုပ်သွားပြီး နောက်နောင် သူတစ်ပါး မယားများအားပြစ်မှားခြင်းမှ လုံးဝရှောင်ကြဉ်ပါတော့ မည်ဟုဆုံဖြတ်ချက်ချမှတ်ပြီး ၊ထိုအခိုက်တန့်မှာပင် ကြာပန်းသွားယူသောမင်းလုလင်လည်း မြတ်စွာဘုရားရှင်ထံကိုရောက်လာတော့ ကာယကံရှင်များစုံညီနေချိန်တွင်မြတ်စွာဘုရားရှင်က ထပ်မံပြီး "အိပ်မပျော်ဘဲနိုးကြားနေသူအား ညတာသည်ရှည်၏" "ခရီးပန်းသူအားတစ်ယူဇနာခရီးသည် ရှည်လျား၏" "တရားကိုမသိသောလူမိုက်တို့အားသံသရာသည် ရှည်ကြာလှပေ၏" ဟူသောတရားဒေသနာတော်ကိုဟောကြားတော်မူပါတယ်။တရားအဆုံးမှာ မင်းလုလင်သည်သောတာပန်အဖြစ်သို့ရောက်ရုံမျှမက မင်းပြစ်မင်းဒဏ် မှလည်းကင်းလွတ်သွားပါတယ်။ကောသလမင်းကြီးလည်းယဇ်ပူဇော်ရန်ဖမ်းဆီးထားသောသတ္တဝါအားလုံးကို ချက်ချင်းလွှတ်ပေးရန် အမိန့်ပေးလိုက်ပါတယ်။ အသက်ဘေးမှ လွတ်ကင်းသွားတဲ့ သူများလည်း မလ္လိကာမိဖုရားကြီးကို ကျေးဇူးတင်၍မဆုံးနိုင်အောင် ရှိနေပါတော့တယ်။


ဒီဒေသနာတော်အရ (ဒု၊သ၊န၊သော)ဆိုတဲ့ အပြစ်သည် အင်မတန်ပင်ကြောက်မက်ဖွယ်ရာ၊သံဝေ ဂယူဖွယ်ရာပင်ဖြစ်ပါတယ်။အားလုံးသော သူများလည်း သူဌေးသားလေးဦးရဲ့အဖြစ်ဆိုးနဲ့ မကြုံအောင် ကိုယ်ကျင့်သီလကိုစောင့်ထိန်းကြပါလို့ အသိပေးနှိုးဆော်လိုက်ရပါသည်။ အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ)

credit to

မေတ္တာဖြင့်ဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ www.infinitydhamma.com